နေဂမုံးသည်လည်း အိမ်တိုင်းလိုလိုရှိမည်ထင်ပါသည်။
အပွင့်ပွင့်ချိန်နှင့်ကြုံတာကြောင့်သတိရတုန်းရိုက် ထားသောပုံဖြစ်ပါသည်။
တစ်ချို့ဘက်တွေမှာ တော့ ထိုအပင်ကို လပြည့်ဂမုံးလို့ခေါ်သော်လည်း
ကျွန်တော်တို့ ဆီမှာတော့ ထိုအပင်ကို နေဂမုံးလို့သာ လူသိများသည်။
သို့သော်လည်း ထိုအပင်သည် နေဂမုံးသော်လား၊ လဂမုံးသော်လား နှင့် ငြင်းရပါသည်။
ကျနော်ကတော့ နေဂမုံးလို့ပဲခေါ်သည်။ သိသည်။ ကျနော်ကလည်း
ဂမုံးဆိုက်တာကိုဝါသနာပါသူဆိုလေတော့ ဂမုံးဆိုအကုန်ကိုစိုက်တာပဲဗျာ။
အရွက်ကတော့ ချွန်ရှည်ရှည် အရွက်ဖားဖားကြီးများဖြစ်ပြီး
အစိမ်းရင့်ရင့်ေ၇ာင်ရှိသည်။ အရွက် အောက်က ရိုးတံမှာ ပျော့ပြီး
အရွက်နှင့်အရောင်တူသည်။ အပွင့်ပွင့်ချိန်တွင် လေးပွင့် ငါးပွင့်
ပွင့်တတ်တာကြောင့် လေးကျွန်းစကြာ်လို့လည်းခေါ်ကြသေးသည်။ နေပူကိုမကြိုက်
နေရိပ်ကိုကြိုက်သည်။
နေပူလျှင်အရွက်များပျော့ပြီး အောက်ကို မရွှင်လန်းစွာကျနေတတ်သည်။
နေရိပ်လျှင် အရွက်ဖားဖားကြီးများသည်ထောင်နေတတ်သည်။
ဂမုံးအများစုသည်နေရိပ်ကိုကြိုက်ကြသည်မှာ သဘာဝသာဖြစ်သည်။
ထိုအပင်ကိုလည်းနေရိပ်တွင်သာစိုက်သင့်သည်။ ဥမှပေါက်သောအပင်ဖြစ်သည်။ ဥမှာ
ဖြူတူတူရှိသည်။ အပင်လည်းပွါးသည်။ ပွါးလွယ်သည်။
အပွင့်ပွင့်ပြီးချိန်များတွင်လည်း အပင်ပွါးတတ်သည်။
ဥတက်လေးထွက်ပြီးနောက်လည်းပွါးတတ်သည်။ အပွင့်ပွင့်ချိန်ရောက်တိုင်းပွင့်သည်။
လွတ်လပ်စွာစိုက်ခြင်းသည် လေပိုရသောကြောင့် နေရာကျယ်ကျယ်တွင်စိုက်သင့်သည်။
လဂမုံးနှင့်တွဲစိုက်ရသည်ဟုအဆိုရှိသည်။ နေနှင့်လရွှေနှင့်မြ ဆိုပြီးသကဲ့သို့
နေနှင့်လတွဲစိုက်ပါက စီးပွါး များတိုးတက်လာဘ်ရွှင်သည် ဖြစ်သည်ဟုလည်း သိရသည်။
အပွင့်သည်ကတော့ ပုံပါအတိုင်းအတော်လှသည်။ နေဂမုံးကို လဂမုံးမရှိဘဲ
မစိုက်သင့်ဟုဆိုသည်။ သို့သော်လည်း စိုက်သူများကတော့စိုက်ကြပါသည်။
လဂမုံးအကြောင်းကိုလည်း ဖြစ်နိုင်လျှင် တင်ပေးပါဦးမည်။
0 မှတ်ချက်:
Post a Comment