အနမ်းရယ်ပန်းစံပယ်ထက်မှာက
ရနံ့ကလေးရယ်တဲ့သင်းလှတယ်
အရောင်ကဖြူ အပွင့်ကထူ၍
ရိုးတံကချိုလှတယ်
သော်ပင်လည်းမေ့ဝယ်ကွယ်
တစ်ပွင့်ပေါ်တစ်ပွင့်ဆင့်လို့
ကြိုးသွယ်သွယ်ညီညီကုံးလို့
ပန်းပန်ခဲ့တယ်
ကေသာမယ်ရနံ့သင်းလို့
ရွှေစံပယ်လေဝယ်မွှေးတယ်
များတကာကြိုက်လို့ရယ်
ပျိုလေးရဲ့ကေသာဝယ်
ပိတုန်းနက်အဖြူထပ်တယ်
အနံ့ရယ်လှိုင်လိုင်သင်းတယ်
ရွှေမြို့ကပန်း ။ ။
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment