ကျမကမထင်ရှားတဲ့ရွာသူမကြီးတစ်ယောက်ပါပဲ။ ကျမဘ၀မှာလေ
ထမင်းနပ်မှန်ရင်ပြီးရောဆိုတဲ့အတွေးလေးပဲရှိတယ်။ ဒါကလည်းမှန်တာပဲလေ
ကျမတို့လိုပညာမတတ်တဲ့လူတွေမှာဒီလိုအတွေးတွေကလွဲလို့ဘာတွေတွေးနေနိုင်ဦးမှာလဲ။
နေ့ဆိုရင် လယ်ထဲကိုသွားမယ် နေပူလည်း ကောက်စိုက် ကောက်နှုတ်
ပေါင်းသင်နှမ်းကြဲ ဒါတွေကကျမတို့အလုပ်တွေလေ။
အဲဒိကနေပြန်လာတော့မှ နွားငတ်ရေကျ မာနေတဲ့ထမင်းခဲကို ဆီမပါတဲ့
ရေလုံပြုတ်ဟင်းလေးနဲ့ ငရုတ်သီးထောင်း စပ်စပ် လေးနဲ့ စားလိုက်တော့
ဘာနဲ့မှနှိုင်းမရတဲ့ဟင်းတစ်ခွက်ဖြစ်သွားရော။
အခုတော့ကျမသားက ပြည်သူတွေလေးစားရတဲ့
တပ်မတော်သားကောင်းကြီးတစ်ယောက်ဖြစ်သွားပြီ။ သားဆိုလို့သူတစ်ယောက်ပဲရှိတာလေ။
စစ်ထဲဝင်ကာစကတော့ ကျမလည်း နည်နည်း ၀မ်းနည်းသလိုလို လွမ်းသလိုလို
ဖြစ်မိပါသေးတယ်။ ဒါပေမယ့် နောက်တော့လည်း ကျမဘ၀ကြီးက နေသားကျသွားခဲ့ပါပြီ။
အခုတော့ ဂုဏ်လည်း ယူ မိပါရဲ့တော်။ ကျမတို့ဘ၀က ဂုဏ်ဆိုတာ လိုမှမလိုတာ။
ခုတော့ကိုယ့်သားက စစ်သားကြီးဆိုတော့ နည်းနည်းတော့ ဂုဏ်ယူမိပါရဲ့။
ရွာထဲကများလေ ...
“မြစိန်တို့သားကြီးကတော့လေ စစ်သားကြီးကိုဖြစ်နေပေါ့၊ ၀တ်စုံလေးနဲ့ မှပိုကိုခန့်သွားတာပဲတော်”
ဆိုတဲ့အသံလေးကြားလိုက်ရရင် ရင်တစ်ခုလုံးကိုအေးသွားတာပဲ။ သားလေးဆိုလို့တစ်ယောက်ထဲရှိတာလေ။ ကိုယ့် သားကို
ဂုဏ်ယူချီးကျူးပြောနေကြမှတော့ ကျမဂုဏ်မယူပဲနေနိုင်မှမလားတော့။
သူစစ်ထဲဝင်ကာစတော့ အနေအစားတွေကျပ်မှာပဲ ဆိုပြီး ကျမစိတ်ပူခဲ့ရပါသေးတယ်။
သူ့ဆီက လာတဲ့စာလေးတွေကို ကျမယူသွားပြီးတော့ ရွာထဲက စာတတ်တဲ့လူတွေကို ယူပြီး
ဖတ်ခိုင်းကြည့်တော့ သာကြောင်းမာကြာင်း အဆင်ပြေကြောင်းတွေ ပါပဲ။
ကျမစိတ်ပူရုံပဲပူတာပါ။ သူ့ဆီကိုကျမ တစ်ခါမှသွားမတွေ့ဖူးပါဘူး ဘာလို့လဲဆဆိုတော့ ကျမနေနိုင်လို့တော့မဟုတ်ပါဘူး။
သူကလူတွေသူတွေနဲ့နေရတာလေ။ ကျမလိုစာမတတ်ပေမတတ်ကသွားတွေ့မှတော့ဘာကောင်းတာပါပါဦးမလဲ။ စာမတတ်ပေမယ့်
ဒီလောက်တော့သိပါတယ်။ ကိုယ့်သားသမီး မျက်နှာပျက်ရအောင်တော့ မလုပ်ပါဘူး။
သူအားတဲ့အချိန်လေးတွေမှာ ရွာကို ပြန်လာဖို့ကိုတော့ကျမမျှော်နေမိပါတယ်.....
☻☻☻☻☻☻☻☻☻☻☻
ဟင်......
ကြားလိုက်ရတဲ့သတင်းကသတင်းဆိုး.....
လယ်မြေတွေသိမ်းလို့တဲ့.....ကြေးနီတောင်စီမံကိန်းတဲ့....
ဒီသတင်းကကျွန်မရဲ့ ဘ၀တစ်ခုလုံးကို မူးမိုက်စေခဲ့ပါတယ်...
ကျမလိုမုဆိုးမတစ်ယောက်က ဒီလယ်တွေနဲ့ အသက်မွေးခဲ့ရတာကြာပြီ။ ဒါလေးတွေနဲ့ ဗိုက်ဖြည့်ခဲ့ရတာ။ ခုတော့သိမ်းပြီတဲ့။
ငတ်ပြီတော့ ပညာမတတ်တဲ့ ကျမတို့ဘယ်လိုလုပ်ကြရမလဲ။ မတရားဘူးဆိုတာကို သိပေမယ့်
ကျမတို့ဘာမှမှ မလုပ်နိုင်တာပဲ။ ဘာမှမလုပ်နိုင်တိုင်း
ဒီတိုင်းထိုင်နေရမှာလား ။ ကျမ တို့ကတော့ကြိုးစားကြရမှာပဲ။ ဒီလယ်မရှိလည်း
သေမှာ ပဲ ပြန်ရအောင် လုရင်းနဲ့ပဲအသေခံတော့မယ်။
ဒီလိုမတရားသိမ်းပိုက်တဲ့လူတွေအသက်ရှည်ဦးမှာပါ။
ကျမစိတ်ထဲကနှစ်လိုစွာကိုပြောရဲပါတယ်။ ဘာလို့လဲ ဆိုတော့ ကံတရား
ဆိုတာရှိနေလို့ပါပဲ။ တစ်ချိန်ချိန်မှာ ခံကြရမှာပဲလေ။
တစ်နပ်စားတွေကြည့်ထားပါ။
ဒီခေတ်မှာပေါများနေတဲ့ လည်ချောင်းကင်ဆာ ၊ အစာအိမ်ကင်ဆာ အစရှိတဲ့ မစားနိုင်
မသောက်နိုင်ပဲသေရတဲ့ရောဂါတွေက ဒင်းတို့အတွက်ပဲလေ။ လူမဟုတ်တဲ့ဟာတွေတောင်
ကျိန်စာတိုက်တတ်သေးတာပဲ ကျမတို့လိုလူတွေလည်းကျိန်ဆိုတတ်တာပေါ့။
မကြောက်ရင်လုပ်လေ။လုပ်ပါ။ သူတို့က နိုင်သူတွေပဲ။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့သိကြမှာပါ။ ထားပါလေ ကျမပြောနေလို့လဲ
သိမှာမှမဟုတ်တာ။ ဘုရားမသိတဲ့လူတွေလေ။
ကျမတို့ကတော့ ခိုကိုးရာမဲ့တဲ့ဘ၀ကနေအခု စုပ်ပြတ်သွားပါပြီ။
လမ်းဘေးကသူတောင်းစားထက်ကိုကျမတို့ရဲ့
ဘ၀တွေစုပ်ပြတ်သွားအောင်နင်းခြေပစ်လိုက်တာပါ။ ကျမတို့ကဘာတတ်နိုင်မှာလဲ။
ကျမတို့က တတ်နိုင်သလောက်ကြိုးစား ကြရမှာပါ။
ခါချဉ်ကောင်မာန်င်္ဖီးတောင်ကြီးကိုတဲ့ဖြိုမတဲ့ကြံ
ဆိုတဲ့စကားပုံတောင်ရှိသေးတာပဲမလား။ ကျမတို့မနိုင်မှန်းသိလည်း
ကြိုးစားကြရမှာပါ။ သူတို့ဘက်မှာက လက်နက်တွေနဲ့လေ။ လက်နက်ကိုင်တပ်ဖွဲ့တွေ
ရှိလို့ဒီလိုမတရားမှုတွေလုပ်နေနိုင်တာပေါ့။
လက်နက်ကိုင်အဖွဲ့ကသာပြည်သူတွေဘက်ကပါကြည့် သူတို့ဘာမှမတက်နိုင်ဘူးလေ။
ဒါပေမယ့်လေ ကျမသားကိုမမုန်းရက်ပါဘူး။ သူလည်းအထက်ကခိုင်းလို့လုပ်တာပါ။ ကျမနားလည်နိုင်ပါတယ်။ ဒါပေမယ့် ကျမ
သူ့ကိုသနားတယ်။ တပ်မတော်ဆို တာက
ပြည်သူတွေကိုကာကွယ်ဖို့နဲ့အထက်အမိန့်ကိုနာခံဖို့ပါ။ အခုတော့ သူတို့က
ပြည်သူတွေကိုမကာကွယ်နိုင်တော့ဘူး ။ အမိန့်ဆိုတဲ့အရာက
ငြိမ်းချမ်းမှုတွေကိုဖျက်ဆီးသွားပြီလေ။
အခုတာ့ သူများခိုင်းတိုင်းလုပ်နေရတဲ့ ခွေးဖြစ်နေပြ်။
ကိုယ့်သားကိုအဲလိုတော့မပြောချင်ပါဘူး ။ ဒါပေမယ့်
ဖြစ်နေတဲ့ပုံလည်းကြည့်ပါဦး။ ကောင်းတာမကောင်းတာမသိဘူးစွပ်လုပ်နေကြတာလေ။
ခိုင်းတိုင်းလုပ်တာက ကျွန်၊ မကောင်းလဲကပ်နေတာကခွေး ဆိုတာ့
ကျမကိုယ့်သားသမီးကိုခွေးဇာတ်သွင်းလိုက်ပြိလားမသိဘူးနော်။ ဒီအကြောင်းတွေကို
တစ်ခြားမိဘတွေသိရင်လည်း ဘယ်လောက်ရင်နာလိုက်မလဲ။
မှန်ကန်ဖြောင့်မှန်တဲ့အမိန့်တွေကိုသာလိုက်နာပါ။ ခွေးတစ်ကောင်
ကျွန်တစ်ယောက်လိုမလုပ်ပါနဲ့ မွေးထားရတဲ့မိဘတွေရင်နာလွန်းလို့ပါ။
ဒီထဲမှာလဲကျွန်မသားကမက်င်းဘူး ။ သူ့အတွက်ရင်လေးမိတယ်။
ဘာလို့တပ်မတော်အမည်ခံပြီးမကောင်းတဲ့အလုပ်ကို လုပ်နေရတာလဲ။
သားရယ်လူမုန်းမခံပါနဲ့။ အပြင်မှာ အလုပ်တွေပေါပါတယ်။
မေမေသားကိုလုပ်ကျွေးနိုင်ပါတယ်။ ဒီချိန်မှပြောတော့လည်းမထူးတော့ပြီ။
စောစောကတည်းကကျွန်မတားခဲ့သင့်ပါတယ်။ အခုတော့ကျမမတားခဲ့မိတာမှားပါတယ်...
☻☻☻☻☻☻☻☻☻☻
မကျေနပ်ချက်များ.....
ဘယ်ကျေနပ်ပါ့မလဲ ... ကိုယ့်ဟာတွေကို ဓားပြတိုက်ခံရတာပဲဟာ.....
သပိတ်မှောက်တော့မယ်......
လူတွေအကုန်လုံးစုစုရုံးရုံးဖြစ်နေကြပြီ....
ကျမကကောဘာလုပ်ရမှာလဲ ... ပါဝင်ရမှာလား ထွက်နေရမှာလား ကျမတို့လည်း အသိမ်းခံရတာပဲလေ...ကျမပါမှာ
ပေါ့...ဒါပေမယ့်ကျမစဉ်းစားပါသေးတယ်၊ ကျမသားက စစ်သား အခုပြသနာမှာက သူတို့နဲ့ ထိပ်တိုက်တွေ့ရတော့မှာလေ။
အခုတော့ သားနဲ့အမေထိပ်တိုက်တွေရတော့မယ်....
မေမေအကြာကြီးစဉ်းစားပါသေးတယ် သားရယ်။မေမေလည်းခံရပေါင်းကများပြီလေ...မေမေမပါပဲမနေနိုင်တော့ဘူး။
သားနဲ့အမေထိပ်တိုက်တွေရမှာကိုတော့မေမေလည်းမလိုလားပါဘူ ။ သားလေးငရဲကြီးပါမယ်
ဖြစ်နိုင်ရင် သားဒီပြသနာထဲမှာ
ဝင်မပါပါနဲ့။သားရဲ့လွတ်ရာလွတ်ကြောင်းကိုသွားပါ။ မေမေတို့က သေမထူးနေမထူးတွေ။
သားက စာတတ်ပေတတ်။ မတတ်ဘူး
ဆိုရင်တောင်ရေးတတ်ဖတ်တတ်ယုံတော့ရှိတယ်။
မေမေတို့သေလို့လောကကြီးကဘာမှဖြစ်မသွားဘူး။ သားတို့လိုလူငယ်တွေဆုံးရှုံးရင်သာလောကကြီးက အများကြီးနစ်
နာတာ။ မေမေကဆန်ကုန်မြေလေးတစ်ယောက်ပါ။
မေမေ တောင်မြောက်မသိပေမယ့် လူအုပ်ကြီးရဲ့ဦးတည်ရာနဲ့အတူ
မေမေရောပါလာခဲံပါတယ်။ သေနပ်တွေနဲ့အတူ ရပ်နေတဲ့ ကောင်လေးတွေကြားမှာ
သားကိုမေမေမြင်တယ်။ မေမေ့ရဲ့ရင်ထဲအေးသွားသလိုပူခဲ့ရပါတယ်။
သားနဲ့မေမေနဲ့ ထိပ်တိုက်တွေ့ရပြိလား။ လောကကြီးကရက်စက်လိုက်တာနော် မေမေလောကကြီးကိုပဲအပြစ်တင်ပါတယ်။ သားကတာဝန်အရပဲ။
သားကိုအပြစ်မတင်ပါဘူး။ လူတွေက တုတ်တွေဓားတွေနဲု့ ။ သားရယ် ဒိနေရာကသားနဲ့ မသင့်တော်ပါဘူး ။
လူတွေက အားလုံးရုန်းရင်းဆန်ခတ်ဖြစ်သွားကြတယ်။ မိုးပေါ်ကိုပစ်ဖောက်လိုက်တဲ့သေနပ်သံကိုမေမေကြားတယ်။
“ဒိုင်း...”
ဒီအသံကြောင့်လူတွေအားလုံး ငြိမ်သွားပါတယ်။ ခဏပါပဲသားရယ် ။ လူတွေက
အကြောက်တရားမှမရှိတာ။ မေမေ သားဆိကိုပြေးလာတယ်။ ဒါပေမယ့် ကံဆိုးချင်တော့
မေမေ့ဆီကို ဗုံးလိုဟာလေးကျလာတယ် ။ မီးခိုးတွေလိုလိုထွက်လာတယ်။
မေမေ့တစ်ကိုယ်လုံးပူရှိန်းသွားတယ်။ မေမေဘာကိုမှမမြင်ရတော့ဘူး။ အကြည့်တွေေ၀၀ါးလာတယ်။
မေမေသားဆီကိုပြေးလာပါသေးတယ်။ ဒါပေမယ့်လေ
ကျယ်လောင်တဲ့သေနပ်တစ်ချက်နဲ့အတူ မေမေ့ရဲ့ ရင်ကိုနာကျင်စေတဲ့လက်နက်တစ်ခုတိုးဝင်လာတယ်။ မေမေ့ရင်ဘက်
ထဲမှ သွေးတွေကျဆင်းလာတယ်။ မေမေမနာပါဘူး ။ သားရဲ့မျက်နှာလေးကိုမြင်ခွင့်ရပြီးပြီလေ။ မေမေနောင်တလည်းမရပါဘူး ။
ဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်ဆိုတာမေမေသိသိကြီးနဲ့လုပ်ခဲံတာမို့ မေမေနောင်တမရပါဘူး။
မေမေမငိုဘူးနောသား။ မေမေ့မျက်နှာမှာမျက်ရည်တွေနဲ့တွေ့ရင်သားဝမ်းနည်းနေမှာပေါ့။
ဒီသေနပ်သံလာရာကသားဆီကနေမဟုတ်ပါနဲ့လို့ပဲမေမေဆုတောင်းတယ်။ သားငရဲကြီးမယ်လေ။ ဟုတ်ခဲ့လည်း မေမေ
ဗွေမယူပါဘူ ။ သားကတာဝန်အရပဲလေ။ မေမေ့ကိုမမြင်လို့လုပ်မိတယ်ဆိုတာသိပါတယ်။ မေမေခွင့်လွှတ်ပါတယ်။
သားကိုယ့်ကိုယ်ကိုဂရုစိုက်ပါနော်...
မေမေဒီထက်ပိုပြိးသားအနားမှာဆက်မနေနိုင်တာကိုတောင်းပန်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒိစကားဆုံးတဲ့အချိန်က
မေ့မေ့ကိုယ်က နှလုံးခုန်သံတွေရပ်တန့်သွားတဲ့အချိန်ဖြစ်သွားပြီလေ.....
ခံစားတတ်သောနှလုံးသားဖြင့် ...
လွန်မင်းအံ့
စာကြွင်း။ နိုင်ငံရေးထက် သားသမီးနဲ့ မိဘကြားက ကြေကွဲမှုလေးကို ဖော်ပြခြင်းသာဖြစ်ပါတယ်၊ နိုင်ငံရေးကိုဦးစား ပေးရေးသား
ထားခြင်းမျိုးမဟုတ်ပါ။
0 မှတ်ချက်:
Post a Comment